NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အပြစ်မဲ့ ပြည်သူတစ်ဦးကို ရက်စက်စွာ သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် PDF အမည်ခံအကြမ်းဖက်သမားများက ကျောင်းအုပ်ဆရာကြီးတစ်ဦးနှင့် အပြစ်မဲ့ ပြည်သူတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်



MNP ၊ အောက်တိုဘာ ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့်၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၀ ရက် ည ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာနေ ဝဲပကျေးရွာ အခြေခံပညာမူလတန်း ကျောင်း ကျောင်းအုပ်ဆရာဖြစ်သည့် ဦးနောင်နောင်စိုး(၄၀)နှစ် (ဘ)ဦးလှစိုးသည် ၎င်း၏နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၁၀ ဦးခန့်က ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာနေ ဦးစိုးထိုက် (၃၇)နှစ်(ဘ)ဦးစိုးမြင့်၏ နေအိမ်သို့ထပ်မံဝင်ရောက်ကာ ဦးစိုးထိုက်အား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ပြီး ပြန်လည်ထွက်ခွာသွား ခဲ့သဖြင့် ဦးနောင်နောင်စိုးဖြင့် ဦးခေါင်းနှင့် ရင်ဘတ်၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးစိုးထိုက်တွင် ဝမ်းဗိုက်နှင့်ဝဲပေါင်တို့၌ ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး အနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော် နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)