ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀)doses နှင့် ဆေးထိုးအပ်များရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင်ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀)doses နှင့် ဆေးထိုးအပ်များရောက်ရှိ


MNP ၊ အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer Vaccine (၁၀၀,၀၀၀) doses နှင့် ဆေးထိုးအပ်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကာကွယ်ဆေးများအား လွှဲပြောင်းလက်ခံခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အခြေခံပညာကျောင်းသား/သူများအား ထိုးနှံပေးခဲ့ရာ အကြိမ်ပြည့် ထိုးနှံပြီးစီးမှု (၉၄.၃၅) ရာခိုင်နှုန်းရှိပြီး ကျောင်းပြင်ပကလေးများအား အကြိမ်ပြည့်ထိုးနှံပြီးစီးမှု (၇.၈၉) ရာခိုင်နှုန်းရှိပြီဖြစ်သည်။ ယခုထိုင်းနိုင်ငံမှလှူဒါန်းသည့် ကလေးများတွင် ထိုးနှံနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer Vaccine များအား အသက်(၅)နှစ်မှ (၁၁) နှစ်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသော အခြေခံပညာကျောင်းသား/သူများနှင့် ကျောင်းပြင်ပကလေးများအား ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)