ဇလွန်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပညာ့ရိပ်သာခန်းမနှင့် အ.ထ.က(၂) ဇလွန်တို့တွင် ကျင်းပခဲ့သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း ကျောင်းအုပ် ၁၂ ဦး၊ အလယ်တန်းကျောင်းအုပ် ၂၆ ဦး၊ မူလတန်းကျောင်းအုပ် ၁၅၇ ဦး၊ စုစုပေါင်း ၁၉၅ ဦးတို့အား ဟင်္သာတခရိုင် ပညာရေးမှူး ဆရာကြီး ဦးတိုးဝင်းက (စီမံ+ဘဏ္ဍာ+ပညာ+စီမံကိန်း+ကြီးကြပ်အကဲဖြတ်) ဘာသာရပ်များ၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးဦးလှမြင့်က (စီမံ+ဘဏ္ဍာ+စီမံကိန်း) ဘာသာရပ်များ၊ လေးမျက်နှာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ငွေဌေးက (စီမံ+ပညာ) ဘာသာရပ်များ၊ ဇလွန်မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးဖုန်းဇော်က (စီမံ+ဘဏ္ဍာ+ကြီးကြပ်အကဲဖြတ်) ဘာသာရပ်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အချိန်ထိ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၂) ရက်တာ ဆွေးနွေးပို့ချသင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်း - ဝေယံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)