မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများနှင့် စက်သုံးဆီတင်သင်္ဘောများ ဆီချလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုများနှင့် စက်သုံးဆီတင်သင်္ဘောများ ဆီချလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှု


MNP ၊ အောက်တိုဘာ ၂၃

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အမှတ်(၁) ဆူးလေဆိပ်ကမ်းတံတား၌ ပြည်ပသို့ ဆန်တင်ပို့မှု အခြေအနေများနှင့် သန်လျင်သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီတံတားများသို့ ဆိုက်ကပ်ထားသော စက်သုံးဆီ တင်သင်္ဘောများမှ စက်သုံးဆီ Terminal များသို့ ဆီချလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။


ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် အမှတ်(၁)ဆူးလေဆိပ်ကမ်းသို့ရောက်ရှိပြီး ဆိပ်ကမ်း တာဝန်ကျများက ဆိပ်ကမ်းပိုင်းဆိုင်ရာ အချက် အလက်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ပြည်ပသို့ဆန်တင်ပို့မှုကို ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး MV–VTC Ocean တွင် ဆန်တန် ချိန် ၂၁၃၀၀၊ MV-VOLA တွင် ဆန်တန်ချိန် ၂၆၇၅၀ နှင့် MV-AGIA IOANNA တွင် ဆန်တန်ချိန် ၃၀၂၅၀ သင်္ဘောများပေါ်သို့တင်ဆောင်၍ ထွက်ခွာ မည့် အခြေအနေများကို ကြည့်ရှုအားပေးသည်။


ယင်းနောက် သန်လျင်သီလဝါဆိပ်ကမ်းသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများက စက်သုံးဆီ သင်္ဘောများ ဝင်ရောက်ရန် စီမံထားရှိမှု၊ ယခုအပတ် ရုံးပိတ်ရက်ရှည်အတွင်း စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက် ထားရှိသည့် အစီအမံများကို သက်ဆိုင်ရာတာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့မှုများ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး Regency၊ Elite စက်သုံးဆီတံတားများ၌ ဆိုက်ကပ်ထားသော ရေယာဉ်များမှ ဆီချနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)