ငါးသယံဇာတတိုးပွားစေရန်ဇေယျာသီရိမြို့နယ်ရှိပေါင်းလောင်မြစ်အတွင်းငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသယံဇာတတိုးပွားစေရန်ဇေယျာသီရိမြို့နယ်ရှိပေါင်းလောင်မြစ်အတွင်းငါးမျိုးစိုက်ထည့်



MNP - အောက်တိုဘာ ၂၅


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်တိုင်းငါးလုပ် ငန်းဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပေါင်းလောင်းမြစ်ကမ်း၌ ကျင်းပခဲ့သည်။


ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် ငါးစားသုံးမှု မြင့်တက်စေရန်၊ ငါးသယံဇာတတိုးပွားပြီး ရေရှည်ငါးစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှု ကာကွယ်နိုင်ရန်ရည်ရွယ်၍ ဆည်၊ တာတမံနှင့် သဘာဝရေပြင်များအတွင်း ငါးမျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ယနေ့တွင်  နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေး၊  ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းမြင့်၊ ဥတ္တရ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန တာဝန်ခံ ဦးစီးအရာရှိ ဦးမင်းဇော်၊ ဒက္ခိဏခရိုင်ငါးလုပ် ငန်းဦးစီးဌာနတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းနွယ်ဦး၊ ရေဆင်းငါးလုပ်ငန်းစခန်းမှ ဦးစီးအရာရှိ ဦးအောင်သူ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးများ၊ ကျည်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းနှင့် ဒေသခံ ပြည်သူများက ပေါင်းလောင်းမြစ်အတွင်းသို့  ငါးမြစ်ချင်း သားပေါက်အကောင်ရေ (၂၅၀၀၀၀)နှင့် ထိုင်းငါးခုံးမသားပေါက်အကောင်ရေ (၂၅၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀၀) စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)