လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် အာကစာပစ္စည်းထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် အာကစာပစ္စည်းထောက်ပံ့လှူဒါန်း

 



MNP - အောက်တိုဘာ  ၂၁


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် ပျော်ဘွယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ၉ နာရီခွဲက ပျော်ဘွယ်မြို့နယ် ကန်ဖျားကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်နှင့် ခေါင်းဆောင်မှု အသိပညာ ပေးဟောပြောပွဲကို ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထက်ထက်ဝင့်က နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ဖန်တီးကြမည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်နှင့် ဖွံဖြိုးတိုးတက် လာစေရန် အလေ့အကျင့်ကောင်းဖြစ်စေမည့် အားကစား လေ့လာလိုက်စားကြစေရန်နှင့် အားကစားသည် လူငယ်များအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပျော်ဘွယ်မြို့နယ် အားကစားမှူး ဒေါ်ခင်မျိုးဝင်းမှ အားကစားနှင့် ကာယသိပ္ပံကျောင်း၌ လူငယ်အားကစားနည်းအလိုက် ပြုစုပျိုးထောင်လေ့ကျင့်ခြင်းတို့ကို ရှင်းလင်းပြောကြားရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ခရိုင်အားကစားမှူးက ကျောင်းအုပ်ဆရာမကြီးထံ အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းသည်။


ထို့နောက် ခရိုင်နှင့်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနအစီအစဉ်ဖြင့် Myanmar  Fitress Dance အကဖြင့် သရုပ်ပြ၍ ကျောင်းသား၊ ကျောင်းသူများဖြင့် စုပေါင်းကာ လှုပ်ရှားဆောင်ရွက်ကပြခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)