MNP - အောက်တိုဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် (၂လ၊ ၄လ၊ ၆လ၊ ၉လမှ တစ်နှစ်ခွဲအရွယ်အထိ) ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက် အခြားကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်း -ဝေယံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment