ပုသိမ်မြို့နယ်အခြေခံပညာကျောင်း အုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့နယ်အခြေခံပညာကျောင်း အုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ပုသိမ်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရတနာတန် ဆောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကြိုဆို နှုတ်ခွန်းဆက်လမ်းညွှန်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်က ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ယခုလ ၁၂ ရက်နေ့မှ ၁၆ရက်နေ့အထိငါးရက်တိုင်စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၂၆ မြို့နယ်မှ ပညာရေးမှူးများ တက်ရောက်ခဲ့ကြပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲမှပို့ချလိုက်သည့် ပညာရပ်များကို မြို့နယ်များတွင်ရှိသည့်ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကိုပြန်လည်မျှဝေ ပို့ချသွားရန်ညွှန်ကြားချက်အတိုင်းပြု လုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးပုသိမ်မြို့နယ်မှ ၂၉၄ဦး၊ ကန်ကြီးထောင့်မြို့နယ်မှ ၁၉၄ဦး၊ သာပေါင်း မြို့နယ်မှ ၃၇၅ဦး၊ငပုတောမြို့နယ်မှ၂၄၁ ဦးတို့တက်ရောက် ဆွေးနွေးကြရမှာဖြစ်ကာ ယနေ့မှ နိုဝင်ဘာ၂ရက်နေ့အထိ ပုသိမ်တစ်မြို့နယ်လုံးဆွေးနွေးကြရမှာဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တက္ကသိုလ်ဝင်တန်း ပြင်ပဖြေဆိုကြမည့် သူများအားသင်ကြားပြသလျက်ရှိသော ပုသိမ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား/သူများကို အား ပေးစကားများပြောကြားခဲ့ကြကြောင်း သိရသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)