ညောင်တုန်းမြို့နယ်၊ ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်၊ ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေး ဟောပြောပွဲကျင်းပ

 


MNP - အောက်တိုဘာ  ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပေစိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်အောင်မြင်ခြင်း၊ လူငယ်နှင့်‌တာဝန်သိမှု စသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်လွင်က စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များ စသည့် စားသုံးသူရေးရာအသိပညာပေး ‌အကြောင်းများကို လည်းကောင်း ဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက မြိုနယ်အတွင်းရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းတို့နှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှုအစီအစဉ်နှင့် နွားနို့သောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စုစုခင်က အားကစား၏အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ လူငယ်နှင့်အားကစားဆိုင်ရာများကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ လက်တွေ့အားကစားသရုပ်ပြခြင်း၊ မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနယ်လှည့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)