ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း မဟာဘုံကထိန်အလှူ တော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီး ကော်မတီနာယက၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက စစ်တွေမြို့ပေါ်ရှိ သံဃဝန်ဆောင်ဆရာတော်များ၊ ဩဝါဒစရိယဆရာတော်များ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး(၉)ပါးကို ပင့်ဖိတ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ သာသနာ့ဗိမာန်အတွင်း၌ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားဖြစ်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့်လည်း စုပေါင်းပြီးကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ပါဝင်လှူဒါန်းနိုင်ရန် ပြောကြားလိုပါကြောင်း၊ ယခုကဲ့သို့ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းရခြင်းအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာတော်ကြီး သန့်ရှင်းရေး၊ အရှည် တည်တံ့ခိုင်မြဲရေး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးတို့အတွက် မိမိတို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် နောင်သံသရာအဆက်ဆက်လည်း သန့်ရှင်းထည်ဝါစွာ ရပ်တည်နိုင်မည့် မွန်မြတ်လှသည့်ကုသိုလ် အလှူတရားဖြစ်ပါကြောင်း၊ ထို့ကြောင့် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေးအတွက် တက်ရောက်လာကြသော ကော်မတီဝင်များအနေဖြင့် လုပ်ငန်းလိုအပ်ချက် များရှိပါက ဦးစီးကော်မတီသို့ အချိန်မီတင်ပြပေးရန်လိုအပ်ပြီး ဦးစီးကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက် ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က စုပေါင်းမဟာဘုံကထိန်အခမ်းအနားကျင်းပမည့် ကိစ္စများနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြသည်။


ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် လုပ်ငန်းကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကော်မတီအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)