ထားဝယ်မြို့ တွင် အစားအသောက်နှင့် စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့ တွင် အစားအသောက်နှင့် စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲပြုလုပ်

 



MNP - အောက်တိုဘာ  ၂၅


တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အစားအသောက်နှင့် စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက ကျောင်းသူ၊ ကျောင်းသားအနေဖြင့် တာဝန်ရှိသူများ၏ ဟောပြောချက်များကိုသိရှိလိုက်နာ၍ လေ့လာမှတ်သားစေလိုကြောင်း ပြောကြားပြီး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင်က  အစားအသောက်နှင့် ဘေးကင်းစေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တ ရာယ်ကင်းရှင်းစေရေး အကြောင်းအရာများအား လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စာသုံးသူ တာဝန်(၄)ချက်အား လည်းကောင်းအကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။


ထို့နောက်တာဝန်ရှိသူများက အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းသား/သူ များအားကျန်းမာရေး ထိခိုက်စေသည့်ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသောအစား အစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရမည့်အချက် ၅ ချက်ပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပြီးအစားအသောက်ဆေးဝါးနှင့်အလှကုန်ဆိုင်ရာသတိပြုရမည့်အချက်များကို ကျောင်းသားကျောင်းသူများအား မေးမြန်း၍ လက်သန့်ဆေးရည်များပေးအပ်ခဲ့သည်။


ဆက်လက်၍ အစားအသောက်ဘေးကင်းရေးအတွက် ကျောင်းမုန့်ဈေးတန်းအား ကြည်ရှုစစ်ဆေးပြီး ဆိုင်များမှမုန့်ဖတ်နှင့် ခေါက်ဆွဲဖတ်နမူနာများဝယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ရှိ စမ်းသပ်ဆေးပစ္စည်းများဖြင့်စစ်ဆေးကာသစ်သီးယိုစုံနှင့် ဂျယ်လီမုန့်နမူနာများဝယ်ယူ၍ ခွင့်မပြုဓာတုဆိုးဆေးများရှိ/မရှိကို တိုင်းရုံး(FDA)ဓာတ်ခွဲခန်းတွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ငွေဇင်ယော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)