မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နာယကကြီးများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နာယကကြီးများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ နာယကကြီးများနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နာယကများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ၊ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်သည်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်တွင် ပြဋ္ဌာန်းသည့် ဥပဒေအမှတ် (၄၀/၂၀၂၂) ဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥပဒေအား ပြင်ဆင်သည့်ဥပဒေ ကို ပြဋ္ဌာန်းပေးခဲ့ပါကြောင်း၊ နာယက အဖွဲ့၏ ကြီးကြပ်မှုဖြင့် ကောင်စီဝင် (၅၇)ဦးကို ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ ကြောင်း၊ နာယကအဖွဲ့ဝင် (၇)ဦးမှ အငြိမ်းစား ပညာရှင်၊ ဌာနဆိုင်ရာ၊ ပြင်ပပညာရှင်နှင့် သက်ဆိုင်ရာ အစုအဖွဲ့ ကိုယ်စားလှယ်များအလိုက် သတ်မှတ်ထားသော ကောင်စီဝင်လောင်းများကို သေချာစွာစိစစ်ပြီး ပွင့်လင်းမြင်သာစွာဆန္ဒမဲဖြင့် ဆန္ဒပြုရွေးချယ်ပေးခဲ့ကြောင်း၊ နာယကအဖွဲ့က ရွေးချယ်ခဲ့သည့် ကောင်စီဝင်များ သည် တတိယအကြိမ် ကောင်စီဝင်များအဖြစ် ၂၀၂၂ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကတိသစ္စာပြုပြီး ဒုတိယအကြိမ် အင်ဂျင်နီယာကောင်စီမှ ကောင်စီ၏ လုပ်ငန်းတာဝန်များကို လွှဲပြောင်းယူခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ တတိယအကြိမ်ကောင်စီမှ ကောင်စီဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကောင်စီဝင်များ သည် လုပ်ငန်းတာဝန် လွှဲပြောင်းရယူခဲ့သည့်နေ့မှစပြီး ယနေ့အချိန်အထိ လုပ်ငန်းတာဝန်များကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ ကောင်စီ၏ လုပ်ငန်းတာဝန်များသည် ဥပဒေ/ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသည် ဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များစွာရှိနိုင်ပါကြောင်း၊ ထိုအခက်အခဲများကို သည်းခံစိတ်၊ ဇွဲ၊ လုံ့လတို့ဖြင့် ဆောင်ရွက် သွားကြမည်ဆိုလျှင် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Washington Accord တင်းပြည့်အဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်ရာတွင် ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များအနေဖြင့် တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် ကောင်စီ၏လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)