ကျောက်ဖြူမြို့ရှိ မြဝတီဘဏ်ဝန်ထမ်းများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေများအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့ရှိ မြဝတီဘဏ်ဝန်ထမ်းများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေများအကြောင်းအသိပညာပေးဟောပြောပွဲပြုလုပ်




MNP - အောက်တိုဘာ  ၂၂


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ  မြဝတီဘဏ်ဝန်ထမ်းများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော  ဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက မြဝတီဘဏ်တွင် ပြုလုပ်ခဲ့သည်။


အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးကျော့က “အလုပ်သမားရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်တို့အတွက် အွန်လိုင်းမှတဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ဝက်ဘ်ဆိုက်ကိုတည်ထောင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးကို တိုင်းဒေသကြီး၊ ပြည်နယ်ရုံး ၁၅ ရုံး၊ ခရိုင်နှင့် မြို့နယ်ရုံး ၈၀ ရုံး ဖွင့်လှစ်၍ အလုပ်သမားရှာဖွေသူများနှင့် အလုပ်သမားလိုအပ်သော အလုပ်ရှင်များကို အခမဲ့ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော ဥပဒေ(၇)ခုမှ ၁၉၅၉ ခုနှစ် အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေ၊ ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးအက်ဥပဒေနှင့် ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှုတိုးတက်ရေးဥပဒေ”   အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များကို ဘဏ်ဝန်ထမ်းများအား ဖြန့်ဝေပေးခဲ့သည်။


ယင်းနောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဦးမွန်က ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်၊ လစာမဲ့ခွင့်နှင့်မီးဖွားခွင့်တို့နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ဘဏ်မန်နေဂျာ ဒေါ်သွဲ့သီရီစံနှင့် ဘဏ်ဝန်ထမ်း (၂၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)