မိုင်းခုတ်မြို့၊ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူ ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူ ပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - အောက်တိုဘာ ၂၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မြို့မတပ်ဦးကျောင်းရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား အလှူရှင်အပေါင်း၏ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းသည့် အလှူငွေများဖြင့် တည်ထားခဲ့ပြီး ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ရာ ယခုအခါ ရွှေထီးတော် တင်လှူပူဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီ(၁၀)ခုဖြင့် ဖွဲ့စည်းထားကာ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေဆောင်ရွက် သွားမည်ဖြစ်ပြီး ရွေထီးတော်ကို ဒီဇင်ဘာ ၇ ရက်(နတ်တော်လပြည့်နေ့)တွင် မိုင်းခုတ်မြို့မှ သံဃာ(၁၆)ပါး၊ မိုင်းဆတ်မြို့မှ သံဃာ(၁၀)ပါးနှင့် ရပ်ဝေးမှ သံဃာ(၁၅)ပါး၊ စုစုပေါင်း ပင့်သံဃာ(၄၁)ပါးဖြင့် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။


ညှိနှိုင်းအစည်းအဝေးသို့ မိုင်းခုတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ပြီး ရွှေထီးတော်တင်လှူပူဇော်နိုင်ရေးအတွက် အလှူငွေများ လိုအပ်လျက်ရှိရာ ရပ်နီး၊ ရပ်ဝေးမှ အလှူရှင်များအနေဖြင့် သဒ္ဓါတရားနည်းများမဆို ထည့်ဝင်လှူဒါန်းနိုင်ကြောင်းနှင့် ထည့်ဝင်လှူဒါန်းလိုပါက ဘဏ္ဍာရေးကော်မတီဝင်များ၏ ဖုန်းနံပတ်များဖြစ်သည့် ၀၉၄၂၃၄၁၂၉၇၃၊ ၀၉၄၂၃၂၃၄၉၄၉သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း  သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)