ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဒုတိယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ဒုတိယနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဆက်လက်ကျင်းပ



MNP - အောက်တိုဘာ  ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။


ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းအား(၂၀၂၁)ခုနှစ်တွင် စတင်ဖွဲ့စည်း၍ ပထမအကြိမ်အဖြစ် မြို့နယ်အဆင့်ကျင်းပခဲ့ပြီး အောက်တိုဘာလ(၂၄)ရက်နေ့တွင် ဒုတိယအကြိမ် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်စုစုပေါင်း(၁၆၆၀)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


အဆိုပါစာမေးပွဲတွင် တတိယအဆင့် စာဖြေဌာနတွင် ဟိုပုံးမြို့ ဇောတိကာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစန္ဒသာရနှင့် ဟိုပုံးမြို့ ကေတုမတီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတက္ခိန္ဒ၊ ဒုတိယအဆင့် စာဖြေဌာနတွင် ဟိုပုံးမြို့ နောင်ခါးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂနှင့် ဟိုပုံးမြို့ လုမ္ဗိနီကျောင်းတိုက် ဆရာတော်ဘဒ္ဒန္ထကဝိန္ဒ၊ ပထမအဆင့် စာဖြေဌာနတွင် ဆီဆိုင်မြို့နယ် နောင်ခမ်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဩဘာသနှင့် ဆီဆိုင်မြို့နယ် နောင်မွန်ပရဟိတကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုစိတ္တတို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ စာမေးပွဲကို အောက်တိုဘာလ(၂၄)ရက်နေ့မှ အောက်တိုဘာလ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာအောင်ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်တိုဘာလ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို ၂၀၂၁ ခုနှစ်တွင် သံဃာတော်နှင့်သီလရှင် စုစုပေါင်း(၁၉၄)ပါးဖြေဆိုခဲ့ပြီး နာဂပုရသာသနာလင်္ကာရဘွဲ့ရ (၁၂)ပါး ပေါ်ထွန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)