ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျာထား



MNP - အောက်တိုဘာ  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးရန်လျာထားကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွင်း ဆီထွက်သီးနှံ ၂၆၆၉၀ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ မြေပဲကတော့စိုက်ပျိုးနေကြပြီး ကျန်သီးနှံတွေ စိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။ ဆီထွက်သီးနှံစိုက်ပျိုးမယ့် တောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များရရှိဖို့ စိုက်နည်းစနစ်မှန်ကန်ဖို့ ဓာတ်မြေဩဇာများ အချိုးကျ အချိန်ကိုက်သုံးစွဲကြဖို့ စတဲ့စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။


ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် နှမ်း ၁၄၀၃၁ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက၊ မြေပဲ ၆၅၅၁ ဧက၊ နေကြာ ၅၂၁ ဧက၊ မုံညှင်း ၂၇၇ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးဝင်းညီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)