ပွင့်ဖြူမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေး သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေး သင်တန်းဆင်းပွဲကျင်းပ




MNP - အောက်တိုဘာ   ၂၄


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားရှားပါးမှုအခက်အခဲများ ပြေလျော့သက်သာစေမည့် လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့်  လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင်  မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးလှမင်းဦးက သင်တန်းသားများအနေဖြင့် သင်တန်းမှ လေ့လာသင်ယူခဲ့ရသော အခြေခံလယ်ယာသုံးစက်ကိရိယာ ထိန်းသိမ်းမောင်းနှင်အသုံးပြု နည်းစနစ်များကို အကျိုးရှိရှိ အသုံးချပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြန် ဆွေးနွေးမှာကြားသည်။ ထို့နောက် သင်တန်းဖွင့်လှစ်သင်ကြားပေးမှုအပေါ် သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါ  လယ်ယာသုံးစက်ကိရိယာ အခြေခံမောင်းနှင်ထိန်းသိမ်းမှု တောင်သူပညာပေးသင်တန်းကို အောက်တိုဘာ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ လယ်ယာသုံးစက်ကိရိယာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ခြင်းနှင့် ပြုပြင်နည်း စနစ်များ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံစိုက်ပျိုးနည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရကာ ယင်းသင်တန်းကို  ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ ဒေသခံတောင်သူ ၃၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)