ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား




MNP - အောက်တိုဘာ  ၂၄


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်အတွင်း၌ ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက် ဦး-------၏ နေအိမ်တွင် ရေခဲသေတ္တာဆေ့ဗ်ဂတ် အပူလွန်ကဲရာမှ အနီးရှိ ဝါးထရံသို့ မီးစတင် ကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဌေးမင်းနိုင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးငြှိမ်း သတ်ယာဉ်(၂)စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် သွပ်မိုး၊ ဝါးကာ၊ ဝါးခင်း နေအိမ် (၁) လုံးနှင့် အနီးရှိ သွပ်မိုး၊ ဝါးကာ၊ ဝါးခင်း နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း မီးဘေးသင့် ပြည်သူ (၃၀)ဦးတို့အား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ခေတ္တနေရာ ချထားပေးလျက်ရှိပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား ကျောက်တော်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


သတင်း - ခင်မောင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)