ချည်မျှင်နှင့် အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်ရက်ကန်း စက်မောင်း/ စက်ပြင်ပညာရှင်များ တိုးပွားလာစေရန် စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချည်မျှင်နှင့် အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်ရက်ကန်း စက်မောင်း/ စက်ပြင်ပညာရှင်များ တိုးပွားလာစေရန် စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်



MNP - အောက်တိုဘာ   ၂၈


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ချည်မျှင်နှင့် အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်ရက်ကန်း စက်မောင်း/ စက်ပြင်ပညာရှင်များ တိုးပွားလာစေရန်  စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ လေ့ကျင့်သင်ကြားပေးသော စက်ရက်ကန်း စက်မောင်း/ စက်ပြင်ပညာဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည် စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်း/ စက်ပြင်ပညာရှင်များ မွေးထုတ် ပေးရန်၊ နည်းစနစ်ကျမှန်ကန်သော ရက်ကန်အတက်ပညာရှင်များ တိုးပွားလာစေ၍ အရည်အသွေး ပြည့်မှီပြီး ဈေးကွက်ဝင်သော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ မိမိကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချစေရန် အသက်မွေးဝမ်းကျောင်း ပညာတက်ခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စက်ရက်ကန်း စက်မောင်း/ စက်ပြင်သင်တန်းကို သင်တန်းသား (၁၀) ဦးဖြင့် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်၍ စက်ချိန် တွယ်နည်း၊ စက်ပြင်နည်း၊ ရက်ခတ်နည်းဘာသာရပ်များကို သင်တန်းကာလ ၂ လကြာ   အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။


အဆိုပါ  စက်ရက်ကန်း စက်မောင်း/စက်ပြင် ကာလတိုသင်တန်းကို  သင်တန်းတက်ရောက် လိုသူများအနေဖြင့် ပညာအရည်အချင်း ကန့်သတ်ချက်မရှိဘဲ တက်ရန်နိုင်မည်ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူများ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) သို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။ ၎င်းသင်တန်းတက်ရောက်သော သင်တန်းသား၊ သင်တန်းသူ များအား ချည်မှအထည်ဖြစ်သည့်အထိ လုပ်ငန်းအဆင့်ဆင့်တိုင်းကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ခြင်းကြောင့် ကျွမ်းကျင်အလုပ်သမားဘဝမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သော လုပ်ငန်းရှင်အဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးများ ရရှိမည်ဖြစ်ပါကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)