ဂွမြို့ မြို့မရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့ မြို့မရပ်ကွက်တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများက ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး




MNP ၊ အောက်တိုဘာ  ၁၉

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့  ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန် ရေး အခြေခံလူဦးရေး စာရင်း နှင့် မြေပြင် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နေ့လည်ပိုင်းက မြို့မရပ်ကွက်အတွင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဇေယျာနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ ၊  မြို့နယ်ကော်မရှင်အဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့မရပ်ကွက်တွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေးစာရင်းရှိ လူဦးရေ နှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင် စစ် ဆေး ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။


ကျိန္တလီမြို့၌ မြို့ပေါ်(၃)ရပ်ကွက်အတွင်းတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စု လူဦးရေစာရင်းရှိ လူဦးရေ နှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင် စစ် ဆေး ခြင်းလုပ်ငန်းများကို နိုဝင်ဘာလ လဆန်းပိုင်းတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)