သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့် ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်




MNP ၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါ လျက် အောက်တိုဘာလ (၂၁)ရက်နေ့၊ ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဆောင်းနေ ကြာစိုက်ပျိုးမည့် တောင်သူများသို့ မျိုးစေ့နှင့်ဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက် ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖရဲကျေးရွာ  အုပ်စု၊ ကာမာဖရန်ကျေးရွာအုပ်စု၊ ငါးကြီးဝင်းကျေးရွာအုပ်စု၊ စွန်ပိကျေးရွာအုပ်စု၊ ကလိုင်ကျေးရွာ အုပ်စု နှင့် ရေကျော်ကျေးရွာအုပ်စုတို့မှ ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများထံ (ရေဆင်းစပ်မျိုး နေကြာ -၁)မျိုးစေ့နှင့် ဓါတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ သည်။


ထို့နောက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး တောင်သူများ၏ လူမှုစီးပွား ဘဝများ မြှင့်တင်ပေးနိုင်ရေး စိုက်နည်းစနစ်များ အသိပညာပေးရန်၊ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ ရေပေးမြောင်းများ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ အမှန်တကယ် စိုက်ပျိုးအောင် မြင်နိုင်သည့် မြေနေရာရွေးချယ်ပေးရန်၊ ဥစားဘဲမွေးမြူနိုင်ရေးနှင့် သီးခြားလိုအပ်ချက်များအား ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ လရောင်ခြယ် ဘဲသားပေါက်ဆိုင်၌ သဘာဝနည်းဖြင့် ဘဲသားပေါက်များ ဖောက်လုပ်ထားရှိမှု၊ သနပ်ပင်မြို့နယ်၊ ကမာ စဲ ကျေးရွာအုပ်စုရှိ H.H.H hatchery ဘဲသားပေါက်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး လျှပ်စစ် မီးပြည့်ဝစွာရရှိရေးနှင့် အခြားမြို့နယ်များတွင် လည်း လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာ အုပ်စုရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲကောင်ရေ(၃၀၀၀၀) မွေးမြူထားရှိမှုနှင့် ဒေါက်တာ ခင်မောင်မြင့်၏ ဥစား ဘဲ ကောင်ရေ(၆၀၀၀)မွေးမြူထားရှိမှုတို့အား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသစပ်စာထုတ်လုပ် နိုင်ရေး၊ ကုန်ကြမ်းပစ္စည်း လွယ်ကူစွာဝယ်ယူရရှိနိုင်ရေးနှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကျရောက်မှုမရှိစေ ရေးနှင့် ရေကန်ဘောင် တစ်လျှောက် အုန်းပင်စိုက်ပျိုးနိုင် ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သနပ်ပင်မြို့နယ်အတွင်း ဘဲမွေးမြူရေးခြံ(၃၆၈)ခြံ၊ဘဲကောင်ရေ (၂၅၈၁၀၆)ကောင်မွေးမြူ ထားရှိပြီး နေ့စဉ် ဘဲဥအလုံးရေ(၂၀၀၀၀၀)ကျော် တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။


လှမိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)