သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဂရန်အင်း(၁၇၇)အင်း၊ တင်ဒါချက် (၃၈)ချက်အား ဂရန်များ ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဂရန်အင်း(၁၇၇)အင်း၊ တင်ဒါချက် (၃၈)ချက်အား ဂရန်များ ပေးအပ်ပွဲကျင်းပ



MNP - အောက်တိုဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ အင်းဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးက အဖွင့်အမှာစကား ပြောကြားရာ အင်းနယ်နိမိတ် ကျောက်တိုင်များစိုက်ထူရန်၊ အင်းဆည်ချရက်မတိုင်မီ တောင်သူများ ဗေဒါချရန်၊ အဆိပ်ဆေးချခြင်း၊ လျှပ်စစ်ကျဉ်စက်ဖြင့် ငါးဖမ်းခြင်းများ၊ ပေါင်းသတ်ဆေး သုံးစွဲခြင်းများကြောင့် ငါးအထိအမိနည်းပြီး အင်းလုပ်ငန်း လျော့နည်းလာသဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်တို့ကို ပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးသိမ်းမှ အင်းသားအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ အင်းဧရိယာလျော့နည်းလာ၍ ခေတ်နှင့်အညီ အင်းမြေပုံရေးဆွဲရန်၊ ဗေဒါချခြင်းကို အင်းသားများပေါင်းစပ်ဆောင်ရွက်ရန်၊ အင်းလုပ်ငန်း စည်းမျဉ်း၊ စည်းကမ်းများနှင့် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေကို လေးစားလိုက်နာရန်၊ ငါးရစ်ငါးသန်ကာလ တရားမဝင်ငါးဖမ်းစီးမှုမရှိစေရေး၊ ကျဉ်စက်ဖြင့်သော်လည်းကောင်း၊ အဆိတ်ချ ငါးဖမ်းဆီးခြင်းမှုကိုသော်လည်းကောင်း ရှောင်ကျဉ်ကြရန်နှင့် ကျူးလွန်ပါက ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးဖမ်းလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။


ထို့နောက် အင်းဂရန်ပေးအပ်ပွဲအခမ်းအနားသို့ တတ်ရောက်လာကြသော အင်းသားကြီးများက အင်းကဗေဒါချပြီးချိန်တွင် တောင်သူများ ဗေဒါချသဖြင့် ဗေဒါထပ်ကြပ်ကြောင်း၊ တောင်သူများ ဗေဒါနောက်ဆုံးချပြီးချိန်ကို အင်းမှတဆင့် ဗေဒါချနိုင်ရေး စီမံပေးရန်၊ အင်းချောင်းများ ဧရိယာလျော့နည်းခြင်းအပေါ် ဌာနအနေဖြင့် ပြုပြင်တူးဖော်ပေးရန်၊ အင်းဧရိယာအတွင်း လယ်ယာမြေကျူးကျော်မှုများ ဖြစ်ပေါ်နေခြင်းအပေါ် ဖြေရှင်းပေးပါရန်၊ အဆိပ်ဆေးချခြင်းကို အင်းသားကြီးတွေကိုယ်တိုင် လုပ်နေသဖြင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်တို့ကို တင်ပြဆွေးနွေးကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးမျိုးသိမ်းတို့က အင်းဂရန် (၁၇၇)၊ တင်ဒါချက် (၃၈)တို့ကို လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)