ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) ကျင်းပ

 




MNP - အောက်တိုဘာ   ၁၄


ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ကုန်ပစ္စည်း ဝန်ဆောင်မှုပေးသူနှင့် ဝယ်သူသည် စားသုံးသူများပင်ဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများကို ပြုပြင်တာ၊ ပြင်ဆင်တာ၊ ရောနှောတာတွေကို ဘယ်နေရာမှာမဆို ရှိနိုင်သည့်အတွက် ကွင်းဆင်း တဲ့အခါ ပညာပေးတဲ့သဘောနှင့် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ရောင်းချသူများအနေဖြင့် သက်တမ်းလွန်အစားအစာများနှင့် ဘေးဖြစ်စေသည့် စားသုံးကုန်ပစ္စည်းများ ရောင်းချခဲ့ပါက မိမိတို့မိသားစုမှာလဲ မကောင်းမှု ဆိုးကျိုးများ ခံစားနိုင်‌ကြောင်းကို ပညာပေးပြောကြားဖို့နှင့် အလုပ်လုပ်တဲ့နေရာမှာ သတိထားပြီး သေသေချာချာလုပ်ကိုင်ရမှာဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းဖတ်ကြားကာ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက စားသုံးသူအကာအကွယ်ပေး ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့ ချင်းပြည်နယ်စားသုံးရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်(၄)ချက် ချမှတ်ကာ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မောင်ထွန်းတောက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)