ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ




MNP - အောက်တိုဘာ   ၁၄


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၄၈ ဃ)၊ ဖောင်တော်သီကွင်း၊ ဦးပိုင်အမှတ်(၁/၁)၊ တောင်သူဦးသန်းထွန်း စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုး ကောင်းကိုယ်စားပြုစံကွက်၌ ယမန်နေ့နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပသည်။


အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မျိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမျိုးမြင့်၊ ငါးလုပ်ငန်းဦးစီးဌာနမှူးဦးစိုးထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မြင့်ထွန်း၊ ကျေးလက်လမ်းဦးစီးဌာနဦးစီးမှူး ဒေါ်နွယ်နီထွန်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာကျော်လင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တောင်သူများတက်ရောက်ကြသည်။


အဆိုပါ ဆင်းသုခစပါးမျိုး ကောင်းကိုယ်စားပြုစံကွက်ဧရိယာအား မိုးစပါးစံကွက်ရိတ်သိမ်းရာ အစိုအထွက် တင်း(၁၀၅.၂၈)တင်း ထွက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)