ကယားပြည်နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - အောက်တိုဘာ   ၂၀


ကယားပြည်နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်သို့ ကြွရောက်တော်မူလာမည့် နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်များ၏ သွားလာရေးခရီးစဉ်၊ သီတင်းသုံးမည့်နေရာများ၊ ဆွမ်းကွမ်းကိစ္စများ အဆင်ပြေစေရေးနှင့် ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများစနစ်တကျ ဖြစ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိရန်၊ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသော ဆပ်ကော်မတီအသီးသီးက လုပ်ငန်းတာဝန်များကို စနစ်တကျစီမံဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။


ထို့နောက် ကယားပြည်နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအမံများကို ပြည်နယ်သာသနာရေးမှူးဦးအောင်ကြည်က ရှင်းလင်းတင်ပြခဲ့ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပနိုင်ရေး ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများက ကော်မတီများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များကို အသီးသီးဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးအကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)