သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



MNP - အောက်တိုဘာ   ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများအပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးကိစ္စသေချာဆောင်ရွက်ရန်၊ မြေပြင်လူဦးရေစာရင်း မှန်ကန်ရေးဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်ရန်၊ နေကြာစိုက် ဘဏ်ချေးငွေထုတ်ချေးပေးရေးဆောင်ရွက်ရန်၊ SME လုပ်ငန်းထုတ်ကုန်များ တင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)