မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် အသုံးချရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် ထင်းအစားထိုး အခြားလောင်စာတိုးမြှင့် အသုံးချရေး အသိပညာပေး ဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းများ ဆောင်ရွက်



MNP - အောက်တိုဘာ  ၂၄


မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ထင်းအစားထိုး အခြားလောင်စာ တိုးမြှင့်အသုံးချရေး အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထင်းအစားထိုး အခြားလောင်စာ တိုးမြှင့်အသုံးချရေး အသိပညာပေးရာတွင် မန္တလေးတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦးက မြန်မာနိုင်ငံ အလယ်ပိုင်း ပူပြင်းခြောက်သွေ့ မိုးနည်းရပ်ဝန်းဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ အခြေခံသစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုမျှတကောင်းမွန်လာခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေရေးတို့အတွက် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းနှင့် သဘာဝ တောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းများကို ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ၎င်းအပြင် သစ်တောသစ်ပင်များ၏ တန်ဖိုးနှင့် အနှစ်သာရကို ဒေသခံပြည်သူများ သိရှိနားလည်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများမှ ပူးပေါင်း ပါဝင်ဆောင်ရွက်လာစေပြီး ထင်းအစား စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားစေရန်အတွက် ယခုလို လာရောက်၍ အသိပညာပေး ဟောပြောခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦးနှင့် တာဝန်ရှိသူများက ရေချိုကျေးရွာရှိ အိမ်ထောင်စု ၅၀ အား  စွမ်းအားမြှင့်မီးဖို  အလုံး ၅၀ ကို အခမဲ့ဖြန့်ဝေ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ပေးအပ်ခြင်းကို မန္တလေး တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးသော်နိုင်ဦး၊ မိတ္ထှီလာခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အုန်း၊ မြို့နယ်ဦးစီးမှူး ဦးဝေယံဖြိုးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)