မောင်တောမြို့၌ မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (ဆင့်ပွား)သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (ဆင့်ပွား)သင်တန်းဖွင့်လှစ်ပို့ချ





MNP ၊  အောက်တိုဘာ  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (ဆင့်ပွား)သင်တန်းဖွင့်လှစ် ပို့ချ ခြင်းကို ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community  Cen ter ခန်းမ၌  ယနေ့ မွန်းလွှဲ ၁၂ နာရီအချိန် က Zoom Meeting ဖြင့် သင်တန်းဖွင့်လှစ်ပို့ချခဲ့ သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦး ဇော်ဇော်ဆန်းက  မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (ဆင့်ပွား)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ၊  သတင်းအချက်အလက်များစီစစ်ခြင်း ၊ သတင်းတု နှင် လုပ်ကြံသတင်းများ၏ သားကောင်ဆိုင်ရာ ခေါင်းစဉ်ဖြင့်  သတင်း မှန်/မှားများကို ခွဲခြားစေနိုင် ရေး အတွက် သတင်းအရင်းအမြစ်များအား ရှာဖွေခြင်း၊ သတင်းတစ်ပုဒ်ကို အစအဆုံး ဖတ်ရှု ရမည်ဖြစ်ပြီး၊ သတင်း ရေးသားသူ နှင့် သတင်းကိုးကားမှု အခြေအနေများအား စစ်ဆေးရန်လိုကြောင်း၊ မည်သည့် သတင်း မဆို ထုတ်ပြန် သည့်  ရက်စွဲ ၊ နေ့ရက် များအား စစ်ဆေးကြည့်ရန် စသည့် အချက်အလက်များ ကို သေချာ အောင် စိစစ် ပြီးမှ သတင်း မှန်/မမှန် ခွဲခြားပြီး လူမှုကွန်ယက် ဆိုရှယ်မီဒီယာများကိုလည်း စနစ်တကျအသုံးချနိုင်ရေး ၊ မီဒီယာ နှင့် သတင်းအချက်အလက် သိနားလည်မှု အယူအဆများ ၊ အခြေခံလိုအပ်ချက်နှင့် အကျိုးကျေးဇူးများ စသည့် အကြောင်း အရာများကို သင်ကြားပို့ချမည့်ဖြစ်ရာ အချိန်ကို အကျိုးရှိစွာအသုံးချပြီး နည်းပြများ၏ သင်ကြားပို့ချမှုများကို  စနစ်တကျ သင်ယူမှတ်သားကြရန်လိုအပ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။ 

 အဆိုပါ သင်တန်းကို မောင်တောခရိုင်အတွင်းရှိ  ခရိုင်၊ မြို့နယ် ၊မြို့ရုံးများမှ ဝန်ထမ်း (၁၃)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းတွင် မီဒီယာ နှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု သာဘာရပ်များအား  အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၇ရက်နေ့ထိ သုံး ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ် ကြောင်း သိရသည်။


အောင်ကျော်စိန် ၊ သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)