MNP - အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း အပတ်စဉ်တနင်္လာနေ့တိုင်း ကုန်စုံပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လမ်းမတော်လမ်းရှိ မြို့မပန်းခြံထောင့်၌ မိုင်းတုံအခြေချ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး ဦးဆောင်၍ တပ်နယ်မိသားစုများက အလှည့်ကျ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကုန်စုံမျိုးစုံ ရောင်းချပေးရခြင်းသည် ပြည်သူများကို ကူညီပေးနိုင်သည့်ဘက်ကနေ အချိုသာဆုံးဈေးနှုန်းဖြင့် ဆန်၊ ကြက်သား(ဥတုံး)၊ ကြက်သား (စီပီ)၊ ကြက်ဥ၊ ဂျုံကြာဇံ၊ ဂျုံ ခေါက်ဆွဲ၊ ခေါက်ဆွဲခြောက်အကြီး၊ ခေါက်ဆွဲခြောက်အသေး၊ ပဲခရမ်းချဉ်(စည်သွပ်)၊ သရပ်သီးသနပ်၊ နာနတ်ယို၊ ငပိကြော်၊ ပဲထောပတ်၊ ဘီစကစ်(ဝါ)၊ ဘီစကစ်(နီ)၊ ပုန်းရည်ကြီး၊ ရွှေဖီဦးကော်ဖီမစ်ပေါင်ထုတ်၊ မီကိုကော်ဖီမစ်ပေါင်ထုတ်၊ ငါးဗူးကြီး၊ အမဲဗူးကြီး၊ ပဲခြမ်းကြော်ထုပ်အတို့ကို ဈေးနှုန်းချိုသာစွာဖြင့် အပတ်စဉ်တနင်္လာနေ့တိုင်း ရောင်းချပေးလျက် ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သတင်း - ဝင်းဝင်းခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment