ကွမ်းလုံမြို့၌ မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ  ၂၂


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၌ မိုးစပါးစံပြကွက် စံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် ကောင်းကျဲကျေးရွာအုပ်စု ၊ နမ့်ဟူးကျေးရွာရှိ နောင်ပန်ကွင်းအမှတ်(၁၂) တောင်သူဦးလောက်ချန်း၏ လယ်မြေ(၂)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ခဲ့ပြီး စံပြကွက်မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးလွင်မှ ရှင်းလင်းတင်ပြခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။


ကွမ်းလုံမြို့နယ် ကောင်းကျဲကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာတွင် မိုးစပါးစံပြ(၅၀)ဧကစိုက် ပျိုးထားရှိပြီး ယနေ့စံပြကွက်ရိတ်သိမ်းမှုတွင် တစ်ဧကအတွက်နှုန်းများမှာ (၈၈၁)တစ်ဧကလျှင် ၁၆၄.၀၁ တင်း၊ DU-၁၆ တစ်ဧကလျှင်(၁၅၆.၄၀)တင်း၊ ၅၀၂ တစ်ဧကလျှင် (၁၁၇.၁၅)တင်း၊ မှော်ဘီကောက်ညှင်းမွှေး တစ်ဧကလျှင် (၁၆၀.၁၀)တင်း အသီးသီးထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)