မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ  ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြအသစ်များအား အရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက အဖွင့်အမှာစကား ပြောကြားရာ အနာဂါတ်အတွက် ပညာသင်ကြားလျက်ရှိသော မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ပြည့်ဝပြီး နိုင်ငံ့တာဝန်များအား အဆင့်မြင့်မြင့် တာဝန်ယူ ဆောင်နိုင်ရန်အတွက် သင်ကြားပေးမည့် ဆရာ/ဆရာမများက အလွန်ပင်အရေးပါကြောင်းနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် စနစ်တကျ သင်ကြားပေးကြရန် ပြောကြားခဲ့သည်။


ဆက်လက်၍ ဝိဇ္ဇာဘာရပ်များကိုယ်စား သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်ဝာာဌေးမြင့်၊ သိပ္ပံဘာသာရပ်များကိုယ်စား ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာကြည်ကြည်မော်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး နည်းပြ၊ သရုပ်ပြအသစ် ဆရာ၊ ဆရာမများက ဘာသာရပ်အလိုက် မိတ်ဆက်ကြသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)