ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူဦးရေ (၄၇၅)ဦး၏ စိုက်ပျိုး ဧက(၂၂၈၄)ဧကအတွက် ကျပ် (၂၂၈၄)သိန်းကို ထုတ်ချေးပေးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူဦးရေ (၄၇၅)ဦး၏ စိုက်ပျိုး ဧက(၂၂၈၄)ဧကအတွက် ကျပ် (၂၂၈၄)သိန်းကို ထုတ်ချေးပေးပြီးဖြစ်

 




MNP - အောက်တိုဘာ  ၂၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


"ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့်  လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဆောင်းသီနှံ စိုက်ပျိုး စရိတ် ချေးငွေများကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ထုတ်ချေးပေး လျက်ရှိရာ ယနေ့ထိ တောင်သူဦးရေ (၄၇၅)ဦး၏ စိုက်ပျိုးဧက(၂၂၈၄)ဧကအတွက် တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်း ဖြင့် ငွေကျပ်(၂၂၈၄)သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း” ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။


သတင်း - မျိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)