မိသားစုတစ်ပိုင်တစ်နိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိသားစုတစ်ပိုင်တစ်နိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု



MNP - အောက်တိုဘာ   ၂၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက အသေးစားစက်မှု လက်မှုလုပ်ငန်းများ စာရင်းပြုစုရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က မိမိခရိုင်/မြို့နယ်အတွင်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းများ စာရင်းပြုစုရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းရှင်များတို့က ဟော်ကန်ရပ်ကွက်အတွင်းရှိ မိသားစု တစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများဖြစ်သော ခေါက်ဆင်(ခ)မုန့်တီဖတ်လုပ်ငန်း၊ တို့ဟူးခြောက်လုပ်ငန်း၊ ကွန်ကရစ်စားပွဲထိုင်ခုံလုပ်ငန်း၊ သစ်မြစ်သစ်ဆုံ စွန့်ပစ်သစ်များဖြင့် စားပွဲ၊ ထိုင်ခုံအလှဆင်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - ခွန်ရဲထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)