MNP - အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာရွှေဘော်၊ ဌာနခွဲမှူး ဒေါက်တာအောင်ကိုဦးတို့ ဦးဆောင်သော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးအဖွဲ့များက ယနေ့ နံနက် (၉) နာရီအချိန်က လှော်ကားရေလှောင်ကန်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးခဲ့ရာတွင် နေထိုင်မကောင်းသည့်လူနာ (၃၆) ဦးတို့ကို အဖျားတိုင်းခြင်း၊ သွေးပေါင်းချိန် ကောင်း/မကောင်း စစ်ဆေးခြင်း၊ ကူးစက်ရောဂါ လက္ခာဏာများ ရှိ/မရှိ စစ်ဆေးကြည့်ရှုကာ ဆေးဝါးကုသစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာနိုင်စေရန် (Mask) နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ၍ ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း နေထိုင်ကြရန် ပြောကြားပြီး ကျန်းမာရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း -မြတ်သူဇာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment