အင်းစိန်မြို့နယ်၌ တနင်္ဂနွေ စာပေစကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ တနင်္ဂနွေ စာပေစကားဝိုင်းကျင်းပ

 


MNP - အောက်တိုဘာ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိနိုင်စေရန်ရည်ရွယ်၍ တနင်္ဂနွေစာပေစကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ကျင်းပရာတွင် စာရေးဆရာ ဦးသက်တင်(မောင်သာတင့်)က အမှာစကားပြောကြားပြီး စာရေးဆရာများက မိမိတို့၏ စာပေဗဟုသုတ အတွေ့အကြုံများနှင့် ရေးသားခဲ့သည်များ စသည်တို့ကို စာရေးဆရာများဖြစ်သည့် ရန်နောင်(ပညာရေး)၊ မောင်မောင်ဝင်းမြင့်(မှုခင်း)၊ တင်တင်(ရန်ကုန်)၊ ရွှေကူမေနှင်း၊ တက္ကသိုလ်မြမဉ္ဇူ၊ စိုးမိုး(ပါရာဒိုင်း)၊ ဝင်းနွယ်(ပုသိမ်)၊ ကြည်ကြည်မြင့်မြတ်တို့က အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး သက်လှိုင်မျိုး (စက်မှုတက္ကသိုလ်)က နိဂုံးချုပ် သုံးသပ်ဟောပြော‌ဆွေးနွေးခဲ့ပြီးနောက် မော်ကျွန်းရဲခိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာဝင်းနွယ်(ပုသိမ်)က ရေးသားထားသည့် မြို့ပုသိမ်တို့အိမ်ကိုလွမ်းတယ် စာအုပ်များအား လှူဒါန်းရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လက်ခံရယူခဲ့ပြီး အမြင်သစ် စာကြည့်တိုက်(အင်းစိန်)အတွက် ဆက်လက်လှူဒါန်းရာ စာကြည့်တိုက်မှူး ဦးညွန့်ဝင်းက လက်ခံရယူခဲ့သည်။


အဆိုပါ တနင်္ဂနွေစာပေစကားဝိုင်းသို့ စာပေပညာရှင်များ၊ စာပေဝါသနာပါသူများနှင့် စာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)