ငပုတောမြို့နယ်၌ နေကြာစိုက်ပျိုးမည့် မြေနေရာနှင့် စပါးမျိုးစေ့ထုတ် စိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ နေကြာစိုက်ပျိုးမည့် မြေနေရာနှင့် စပါးမျိုးစေ့ထုတ် စိုက်ခင်းအား တာဝန်ရှိသူများမှ ကွင်းဆင်း ကြည့်ရှု

 



MNP - အောက်တိုဘာ   ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၂) ဦးသန်းဦးတို့သည်ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က ငပုတောမြို့နယ်၊ သက္ကယ်ချောင်း ကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာတွင် တောင်သူ ဦးလှဝင်း၏လယ်ယာမြေတွင် နေကြာစိုက်ပျိုးမည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ထို့နောက် နေကြာမျိုးစေ့အား အောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ပြီးနောက်ကွင်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


ဆက်လက်ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ဖျန်ရေကျော်ကျေးရွာ အုပ်စု၊ ဖျန်ရေကျော်ကျေးရွာသို့ သွားရောက်ပြီး တောင်သူ ဦးအေးငွေ၏ လယ်ယာမြေတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် ပေါ်ဆန်းယဉ် စပါးမျိူးစေ့ထုတ် စိုက်ခင်းနှင့် တောင်သူ ဒေါ်မေသဇင်ဦး၏ လယ်ယာမြေတွင် ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးထားသညိ့ဆင်းသုခ စိုက်ခင်းတို့အား ကြည့်ရှုခဲ့ရာသီးနှံများ ရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းမွန်စေရေးနှင့် လေလွင့်ဆုံးရှုံးမှုများ မရှိစေရေးအတွက်  အလေးထားလုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)