MNP - အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသောကျောင်းကျန်းမာရေးနှင့် ကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးထွန်းဗိုလ်က ကြက်ခြေနီအသင်း၏ မျှော်မှန်းချက်နှင့် အခြေခံမူ (၇)ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်းဆရာ/ဆရာမများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အဓိပ္ပာယ်၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ သွေးယိုထွက်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အသက်ရှူပိတ်၍ မေ့မျောခြင်း၊ သတိလစ်မေ့မျောခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အရိုးကျိုးခြင်း စသည့်ခေါင်းစဉ်များဖြင် စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းကိုသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာ လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment