သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့မှ ရွာလွတ်ကျေးရွာ အသေးစား အလတ်စားလုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့မှ ရွာလွတ်ကျေးရွာ အသေးစား အလတ်စားလုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံ



MNP - အောက်တိုဘာ  ၂၉


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာခန်းမ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့  လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချောင်းဆုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ရှင်များ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးမြင့်စိုးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ဆွေးနွေးတင်ပြ သည်။


ယင်းနောက် တက်ရောက်လာသော လုပ်ငန်းရှင်များမှ မိမိတို့၏ လုပ်ငန်းအခြေအနေများနှင့် အခက်အခဲများ အား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဒုဝန်ကြီး ဦးမြင့်စိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် ပြည်ထောင်စုဒုဝန်ကြီး ဦးမြင့်စိုးမှ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ်ရှေ့စံပြကျေးရွာရှိ ဒေါင်းရပ်အရှေ့ (လယ်ယာနှင့် အထွေထွေစီးပွားရေး) သမဝါယမအသင်းလီမီတက်သို့ စက်ဘီး (၅)စီးအား ပေးအပ်လှူဒါန်းခဲ့ပြီး ရွာလွတ်ကျေးရွာ သမဝါယမအသင်းလီမီတက်မှ ဖွင့်လှစ်ထားသည့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်အား ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)