မြို့မဈေးကြီးရှေ့တွင် မီးဘေးကြုံတွေလာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့မဈေးကြီးရှေ့တွင် မီးဘေးကြုံတွေလာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်



MNP - အောက်တိုဘာ   ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း ကျင်းပသည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မဈေးကြီးတွင် ယမန်နေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံစိုးက မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်း ပြောကြားခဲ့ပြီး ဆီမီးငြိမ်းသတ်နည်းကိုသရုပ်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်သည့် ရေယာဉ်(၂)စီးဖြင့် ရေထွက်ကို သရုပ်ပြခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့မဈေးကြီးမှ ရေစုပ်စက်ရေတင်နိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


အိမ်မဲမြို့နယ် မြို့မဈေးကြီးမီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်းကို သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် မြို့မဈေးကြီးအတွင်း ဈေးဆိုင်များမှာလည်း မီးသတ်ဆေးဗူးထားရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ရန် သင်ကြား ပြသထားရှိပြီးဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်က ပြောသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)