ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြသူများအား နိုဝင်ဘာ(၃)ရက်နှင့် (၄)ရက်နေ့များ၌ ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြသူများအား နိုဝင်ဘာ(၃)ရက်နှင့် (၄)ရက်နေ့များ၌ ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးမည်

 


MNP ၊ အောက်တိုဘာ ၂၇

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်ကြသည့် ဘုရားဖူးပြည်သူများအား လာမည့် နိုဝင်ဘာ (၃) ရက်နှင့် (၄) ရက်နေ့တို့၌ ဘုရားပေါ်သို့အခမဲ့ ပို့ဆောင်ပေးပြီး စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။


ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော်ဘဏ္ဍာ‌တော်ထိန်း ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်အသင်း၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းရှင်များနှင့် ဈေးသူဈေးသားများစုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ‌နေ့များတွင် ဘုရားဖူးပြည်သူများအား တောင်တက်ကား(အခမဲ့)အတက်အဆင်း ပို့ဆောင်ခြင်း၊ ကင်မွန်းစခန်းတောင်ခြေတွင် စတုဒီသာဧည့်ခံကျွေးမွေးခြင်း၊ တောင်တော်ရင်ပြင်တွင် စတုဒီသာများကျွေးမွေးခြင်း၊ ရိုးရိုးလေးဟိုတယ်နှင့် တည်းခိုဆောင်များတွင် (အခမဲ့)တည်းခိုခွင့်ပြုခြင်း၊ တောင်တော်ရင်ပြင်ရှိတည်းခိုဆောင်များ၌ အခမဲ့တည်းခိုခွင့်ပြုခြင်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ ဘုရားဖူးပြည်သူများ လုံခြုံအေးချမ်း‌စွာဖြင့် လာရောက်ဖူးမြှော်နိုင်ရေးအတွက် ဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)