MNP ၊ အောက်တိုဘာ ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အ စည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ ၌ ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး က အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ မှ ကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ပွဲ တော် ကျင်းပ နိုင်ရေး ကိစ္စရပ်များ ၊ ဌာနများအလိုက် ပဒေသာပင်များ ဆောင် ရွက် နေမှု အခြေအနေများ ၊ မဟာဘုံကထိန်ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာ ဌာနများ အလိုက် ဆွေးနွေး တင်ပြ ကြ ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်း အောင်က ဌာန များအလိုက် ပဒေသာ ပင်များ ဆောင်ရွက်နေမှု ကိစ္စ ရပ်များ ပဒေသာပင်လှည့်လည်ရေး ကိစ္စရပ်များ ၊ မြို့နယ်အတွင်း ကထိန် မရရှိသေးသော ကျောင်းများ နှင့် ပင်သံဃာ များကို ဘုံကထိန် ဆက်ကပ် ရန် လျာထားမှု အခြေအနေများအား ရှင်းလင်း ပြော ကြား ခဲ့သည်။
ဆက်လက်၍ ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာ့ရေးမှူးမှ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၆ ရက် ၊ တန်ဆောင် မုန်းလဆန်း(၁၄)ရက်နေ့တွင် သီရိမင်္ဂလာခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး စည်းကမ်းချက်များ နှင့် အညီ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ နှင့် အလှူရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲတော်ကျင်းပမည့် အခြေအနေ များ ၊ ပွဲကျင်းပသည့်နေ့တွင် ပဒေသာပင်များစီတန်းလှည့်လည် နိုင်ရေး နှင့် ဆောင်ရွက်မည့် အစီ အစဉ်များအား ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် တက်ရောက် လာကြ သော ဌာနဆိုင်ရာများ တာဝန်ရှိသူများက မဟာ ဘုံကထိန်ဖြစ်မြောက်ရေး ကော်မတီများ၏ ကဏ္ဍ အလိုက် လုပ် ဆောင် မည့် လုပ်ငန်းတာဝန်များအား အသီးသီး ဆွေးနွေး တင်ပြကြရာ တင်ပြချက်များအပေါ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment