လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

 


MNP - အောက်တိုဘာ  ၂၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများ ဖိတ်ခေါ်၍ (၂၇-၉-၂၀၂၂)ရက်နေ့ Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင်ထွန်းနေလှိုင် (နောင်ပိန်) ရေးသားထားသည့် ‘လူငယ်များစာများများဖတ်ကြပါ’ ဆောင်းပါးအား စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ (ကောင်းညွန်ဝေ-ရေစကြို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦး၊ လားရှိုးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်၊ ဆောင်းပါးရှင် ဦးစိုင်းထွန်းနေလှိုင် (ထွန်းနေလှိုင်-နောင်ပိန်) တို့က ‘လူငယ်များစာများများဖတ်ကြပါ’ ဆောင်းပါးပါ အကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါဆွေးနွေးမှုများနှင့် ပတ်သက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ၊ လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။


လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့အနေဖြင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)