PDF အမည်ခံအကြမ်းဖက်အဖွဲ့က ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား Drone ယာဉ် အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အမည်ခံအကြမ်းဖက်အဖွဲ့က ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား Drone ယာဉ် အသုံးပြုကာ လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်ဖျက်ဆီး


MNP ၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ်တစ်စီးအသုံးပြုကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်း (ချောင်းတောင်)အား PDF အမည်ခံအကြမ်းဖက်အဖွဲ့က Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးသီးများဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ အဆိုပါ Drone သည် ကျောင်း၏ တောင်ဘက်သို့ မောင်းနှင်သွားကြောင်း သိရှိရသည်။

PDF အမည်ခံအကြမ်းဖက်အဖွဲ့က စစ်ရေးနှင့်မသက်ဆိုင်သော အခြေခံပညာအထက်တန်းကျောင်းအား Drone ဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများနေထိုင်ရန် အသစ်ဆောက်လုပ်ထားသည့် ၂ ထပ်ဆောင်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ကျောင်းနှင့်ကပ်လျက်ရှိ နေအိမ်ဘက်သို့ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုကြောင့် ကျောင်းဆောင်အမိုးများ ပေါက်ပြဲပျက်စီးခဲ့ကြောင်းနှင့် အမှတ်(၂)ရပ်ကွက်၊ ချောင်းတောင်လမ်းနေ ဒေါ်ခင်သန်းနွယ်တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော စာသင်ကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားသည့်နေရာများကို ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ကျောင်းအဆောက်အဦများအား Drone ယာဉ်များဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)