ပုလောမြို့နယ်၊ မဒေါင်ကျေးရွာနှင့် ပိတတ်ကျေးရွာကြားရှိ ကျေးရွာချင်းဆက် သံဘောင်ဘေလီ တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ်၊ မဒေါင်ကျေးရွာနှင့် ပိတတ်ကျေးရွာကြားရှိ ကျေးရွာချင်းဆက် သံဘောင်ဘေလီ တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး


MNP ၊ အောက်တိုဘာ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်  လျက်ရှိသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁ နာရီခွဲခန့်တွင် တိုကျေးရွာအုပ်စု၊ ပိတတ်ကျေးရွာအနီးတစ်ဝိုက်တွင်  ပေါက်ကွဲသံ ၁ ချက် ကြားရကြောင်း တာဝန်သိ ပြည်သူ ၁ ဦးက သတင်းပေးပို့လာခဲ့သည်။

အဆိုပါ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုလောမြို့နယ်၏ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ  မဒေါင်ကျေးရွာနှင့်ပိတတ်ကျေးရွာကြားရှိ ကဒဲချောင်းကူး (ဒေသအခေါ်ပိတတ်ချောင်း)ကျေးရွာချင်းဆက် သံဘောင်ဘေလီအမျိုးအစား (တံတား အကျယ် ၁၂ ပေ၊ အရှည် ၄၂၀ ပေ )အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတားကြမ်းခင်းသံပြား ၄ ချပ် ပြုတ်ထွက် ပျက်စီးခဲ့ကြောင်း တွေ့ရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ သွားလာ၍ မရဘဲ မော်တော်ဆိုင်ကယ်များသာ သွားလာနိုင် ကြောင်းနှင့် တံတားပျက်စီးမှုအား ပုလောမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်  ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)