နမ့်ဆန်မြို့နယ်၌ ရွေ့ပြောင်းနေရာချထားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ သင့်တော်သည့် ဒေသဆိုင်ရာ ဦးစီးကော်မတီဖွဲ့စည်းခြင်းနှင့် ပြန်လည်တည်ထောင်ရေးစီမံချက် Resettlement Action Plan –RAP ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ဆန်မြို့နယ်၌ ရွေ့ပြောင်းနေရာချထားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ သင့်တော်သည့် ဒေသဆိုင်ရာ ဦးစီးကော်မတီဖွဲ့စည်းခြင်းနှင့် ပြန်လည်တည်ထောင်ရေးစီမံချက် Resettlement Action Plan –RAP ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပ



MNP - အောက်တိုဘာ  ၂၈


ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် လီလုကျေးရွာ ရွေ့ပြောင်းနေရာချထားရေးဆိုင်ရာ စစ်တမ်းကောက်ယူခြင်း သင့်တော်သည့် ဒေသဆိုင်ရာရွေ့ပြောင်းနေရာချထားရေး ဦးစီးကော်မတီဖွဲ့စည်းခြင်းနှင့် ပြန်လည်တည်ထောင်ရေး စီမံချက် Resettlement Action Plan  -RAP ရေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက် (၁၀)နာရီက ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ တာသိန်းဇော်မှ အဖွင့်အမှာစကားပြောကြားရာတွင် နမ့်ဆန်မြို့နယ်တွင် တိုင်းရင်းသားပေါင်းစုံနေထိုင်လျက်ရှိကြောင်း၊ ကျေးရွာရွေ့ပြောင်းရာတွင် လက်လွတ်စပယ်မဖြစ်စေရေးကို ဂရုပြုလိုကြောင်း၊ စီမံကိန်းပြုလုပ်မည့်နေရာတွင် ရှမ်းတိုင်းရင်းသားအများစုနေထိုင်ကြောင်း၊ ရှမ်းတိုင်းရင်းသားများမှ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ လယ်ယာဒေသပြောင်းရွှေ့ရာတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် ကုမ္ပဏီမှဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် MYASIA CONSULTING LIMITED ၏တာဝန်ရှိသူမှ လီလုကျေးရွာရွှေ့ပြောင်းရာတွင် Plan (၆)ခုထဲက ဆုံးရှုံးမှုအနည်းဆုံး Plan အားရွေးချယ်၍ ကျေးရွာတွင်နေထိုင်သူများ နစ်နာမှုမရှိစေရန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်မည့် ဧရိယာအတွင်း မြေပိုင်ရှင်များရှိပါက လျော်ကြေးငွေများ ပေးလျော်သွားမည်ဖြစ်ကြောင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမှ ကော်မတီဖွဲ့စည်းရာတွင်လည်း နမ့်ဆန်မြို့နယ်ရှိ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ/ ရပ်ကျေးလယ်စီ အဖွဲ့များပါဝင်သော အဖွဲ့ဖြင့် ဖွဲ့စည်းပေးရန်လိုအပ်ကြောင်း ဆွေးနွေးပေးပြီး ဒေသစီမံအု်ပချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်မှ တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)