ထန်းတပင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) အား Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) အား Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြား



MNP - အောက်တိုဘာ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက ကျေးရွာ သစ်လှုပ်ရှားမှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ကို Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထန်းတပင်မြို့နယ်အတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရေဖြူကျေးရွာအုပ်စု ယင်းတင်ကျေးရွာနှင့် ဓါတ်တော်ကုန်းကျေးရွာအုပ်စု အထက်ဓါတ်တော်ကုန်းကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရေးတို့အတွက်လည်း ကျေးရွာကော်မတီဝင်များကို သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း မှ သင်တန်းနည်းပြ (၁၃) ဦးတို့မှ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆယ်မာအူးလ် အတွေ့အကြုံများ၊ စီမံကိန်းလမ်းညွှန်ချက်များ၊ ကျေးလက်ဒေသ သတင်းအချက်အလက်ပြသည့် မြေပုံရေးဆွဲနည်းများ၊ ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၊ စွမ်းဆောင်ရည်လူနေမှုကဏ္ဍ၊ ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဝင်ငွေတိုးပွားရေးကဏ္ဍများ၊ ထိန်းသိမ်း ကာကွယ် အမှိုက်အန္တရာယ်အကြောင်း၊ ဆယ်မာအူးလ်ခေါင်းဆောင်အခန်းကဏ္ဍများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သလို သင်တန်းသို့လည်း ထန်းတပင်မြို့နယ်မှ သင်တန်းသားကျေးရွာ ကော်မတီအဖွဲ့ဝင် (၂၈) ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၁၇)ရက်နေ့မှအောက်တိုဘာလ(၂၁)ရက်နေ့အထိ  (၅)ရက်ကြာမြှင့်မည်ဖြစ်ကြောင်း လည်းသိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)