AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိ




MNP ၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံရဲကင်း စခန်းအား နိုဝင်ဘာ ၁၆ ရက်တွင် AA အဖွဲ့မှ အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောင်းဒုံးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံ တိုင်းရင်းသား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်  နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာ နယ်မြေခံရဲကင်းစခန်းအား AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နယ်မြေခံရဲကင်းစခန်းအနီးရှိ လယ်ကွင်းသို့ လက်နက်ကြီး ၃ လုံး၊ လောင်းဒုံ(မြို) ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်။


AA အဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လောင်းဒုံ(မြို)ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် ၃ လုံးသည် ၎င်းကျေးရွာနေ ဦးဆော်မလုံး၏ သား အမည်ပေး ကင်းပွန်းတပ်ပွဲကျင်းပ ပြုလုပ်နေသည့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် အမျိုးသား ၉ ဦး၊ အမျိုး သမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၃ ဦး တို့ အပါအဝင် အမျိုးသား၂၁ ဦး၊ အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း ၂၄ ဦးတို့တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)