ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (BLO) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (BLO) အစည်းအဝေးကျင်းပ




MNP - နိုဝင်ဘာ   ၁၅


ပထမအကြိမ် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office (BLO) အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ထိုင်းနိုင်ငံရနောင်းမြို့မှ ရေလမ်းခရီးဖြင့် ရောက်ရှိလာသည့်ဧည့်သည်တော် (BLO) အဖွဲ့များအား ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မျိုးသန့်နှင့် တာဝန်ရှိ သူများက ကော့သောင်းမြို့ ကျက်သရေဆောင် ပြည်တော်အေးစေတီတော်၊ ဘုရင့်နောင် မင်းတရားကြီးရုပ်တုကုန်းမြေနှင့် ဘုရင့်နောင်အငူများသို့ လိုက်လံလှည့်လည်ပြသခဲ့ကြသည်။


ဆက်လက်၍ အစည်းအဝေးကျင်းပရာ ရှေ့ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှု ခင်းဌာနကြီး၊ ဒုတိယဌာနကြီးမှူး ရဲမှူးကြီးကျော်ဇေယျ၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး (Pakasit Pormprasid) နိုင်ပရာကာစစ် ဖေါ်ပရာစစ်နှင့်  ထိုင်းနိုင်ငံသံရုံး (ရန်ကုန်) ထိုင်းရဲဆက်ဆံရေးသံမှူး၊ ရနောင်းခရိုင်ရဲမှူးကြီး (Cherdpong Chewpreecha) ချေ့ဖုန်ချီယူပရီချာတို့က အသီးသီးမိတ်ဆက်အဖွင့် အမှာစကားပြောကြားကြသည်။


ယင်းနောက် မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး အဖွဲ့ဝင်များ အပြန်အလှန်မိတ်ဆက်ကြပြီး နှစ်နိုင်ငံ (BLO) အဖွဲ့ဝင်ဌာနဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများက နှစ်နိုင်ငံနယ်စပ်ဒေသအကြား ဖြစ်ပွားလေ့ရှိသည့် နယ်စပ်ဖြတ်ကျော်မှုခင်း တားဆီး နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်တင်ပြဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


အဆိုပါ မြန်မာ-ထိုင်း (ကော့သောင်း-ရနောင်း) နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office (BLO) အစည်းအဝေးတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသများအကြား တရာမဝင်လမ်းကြောင်းများမှ အပြန်အလှန်ဝင်ရောက်မှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ဒေသတစ်လျောက် ဖြစ်ပွားလေ့ရှိသည့် ဒုစရိုက်မှုခင်းနှိမ်နင်းမှုဆိုင်ရာများ၊ နယ်စပ်ဖြတ်ကျော် လူမှောင်ခိုနှင့် လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသများအတွင်း အကြမ်းဖက် အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း နေထိုင်သည့် ပြည်သူများ၏ လူမှုဘဝများ အေးချမ်းသာယာရေးအတူတကွ ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြမည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံဆက်ဆံရေးရုံးများအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများအပါအဝင် လုပ်ငန်းလိုအပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေးညှိနိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း -ကျော်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)