MNP - နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တောင်တွင်းကြီး မြို့နယ်အား မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဗိုလ်ချုပ်ပန်းခြံအတွင်း ပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာအနား ယူနိုင်ရေး၊ အရိပ်ရပင်များနှင့် ပန်းအလှပင်များ ရှင်သန်ကြီးထွားစေရေးအတွက် ရေပန်းများ တပ်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက်က ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရူ့စစ်ဆေးခဲ့ ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် တောင်တွင်းကြီးမြို့နယ်အား မြို့ပြ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းဘေးဝဲယာတလျောက်ရှိ ပန်းခုံများအား ဆေးသုတ်ခြင်း၊ ပန်းပင်များပြုပြင်ခြင်း၊ ပန်းအလှပင်များတိုးချဲ့စိုက်ပျိုးခြင်းနှင့် မြို့တွင်းလမ်းများ ပြုပြင်ခြင်း၊ ပလက်ဖောင်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment