ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလျော့နည်းပပျောက်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူပါဝင်ဖို့လို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလျော့နည်းပပျောက်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူပါဝင်ဖို့လို



MNP - နိုဝင်ဘာ   ၁၅


ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း ယာဉ်မတော်တဆမှုအဖြစ်များဆုံးမှာ ကော့ကရိတ်-မြဝတီသွား အာရှလမ်းပိုင်းတွင်ဖြစ်ပြီး ထိခိုက်သေဆုံးမှုများရှိသည့်အတွက် ဘက်ပေါင်းစုံမှစစ်ဆေးကြပ်မတ်ဖို့လိုကြောင်း၊ အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလျော့နည်းပပျောက်စေရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ပြည်သူပါဝင်ဖို့လိုကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး နည်းလမ်းအစီအမံများဖော်ထုတ်၍ စစ်ဆေးကြပ်မတ်မှုအပိုင်းကို တိတိကျကျဆောင်ရွက်ဖို့လိုပြီး ကြုံတွေ့ရနိုင်သည့်အခက်အခဲများ လိုအပ်ချက်များကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်ခင်စီက ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပညာပေးစစ်ဆေးအရေးယူမှု၊ မော်တော်ယာဉ်စစ်ဆေးခြင်း၊ လမ်းပိုင်းစစ်ဆေးခြင်း၊ ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများ၊ ယာဉ်၊ လမ်းအန္တရာယ်လျော့နည်းပပျောက်ကင်းရှင်းရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ အမှတ်(၁၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး၊ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွေးက ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများ လအလိုက်နှိုင်းယှဉ်ချက်၊ အရေးယူဆောင်ရွက်မှု၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးစည်းရုံးဆောင်ရွက်နိုင်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ အတွင်းရေးမှူးဦးကျော်စိုးနှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာခရိုင်အလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)